Home
Press Release
News & Articles
Program Area
Services
Publication
Organization
History
Donation
Careers
Donate Blood
 
 
  • ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ် အဇုတ်ကြီးကျေးရွာတွင် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ ရေကန်သစ် တူးဖော်ပေးလျက်ရှိ၂၀၁၀ ပြည့်နှစ်၊ မေလ (၂၉) ရက်

New Pond

ဖျာပုံမြို့နယ်၊ ကြက်ဖမွေးဇောင်းကျေးရွာအုပ်စု၊ အဇုတ်ကြီးကျေးရွာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အကူအညီဖြင့် ရေကန်သစ်တူးဖော်စဉ်

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ် ကြက်ဖမွေးဇောင်း ကျေးရွာအုပ်စု အဇုတ်ကြီးကျေးရွာတွင် ရေကန် သစ် တူးဖော်ခြင်းကို မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ဖျာပုံမြို့နယ်ရုံးခွဲ၊ ရေနှင့် သန့်ရှင်းရေး အဖွဲ့မှ ဦးစီး၍ ၂၀၁၀ ပြည့်နှစ် မေလ ၂၉ နေ့မှစတင်၍ တူးဖော်ခဲ့သည်။အဆိုပါ ရေကန်တူး ဖော်ရေး လုပ်ငန်းသည် အဇုတ်ကြီးကျေးရွာမှ အိမ်ထောင်စု စုစုပေါင်း ၅၃ စု ၏ ရေသိုလှောင်မှု အတွက် အထောက်အပံ့ပေး စေနိုင်ခြင်း အလို့ငှာတူးဖော် ဆောက်လုပ်ပေး ခြင်း ဖြစ်သည်။ အဆိုပါလုပ်ငန်းစဉ်သည် မေလ ၂၉ နေ့မှစတင်၍ ၁၀ ရက်ကြာ တူးဖော်မည် ဖြစ်ပြီး ရေကန်၏ အကျယ် ပေ ၂၀၀ ပတ်လည်နှင့် အနက် ၅ ပေခန့် တူးဖော်ပေးသွားမည်ဖြစ်သည်။

အဆိုပါရေကန်သည် ဖျာပုံမြို့နယ်ရုံးခွဲမှ ပံ့ပိုးပေးရန် စီစဉ်ထားသည့် မြေသားရေကန် (၄) ကန်အနက် ပထမဆုံး တူးဖော်သည့် ကန်ဖြစ်ပြီး ကန်တူးဖော်ရန် မြေနေရာကို ကျေးရွာလူထုမှ ရန်ပုံငွေစုဆောင်းပြီး ၀ယ်ယူလှူဒါန်းခြင်း ဖြစ်ကြောင်း သိရှိရသည်။ ရေကန်တူးဖော်ရာတွင် လိုအပ်သည့် နည်းပညာပိုင်းအကူအညီနှင့် အခြားဆောက်လုပ်ရေး ပစ္စည်းများကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ပံ့ပိုးပေးခြင်းဖြစ်ပြီး ဆောက်လုပ်ရေးပိုင်းတွင် ကျေးရွာလူထု (၃၀) ခန့်မှ နေ့စဉ် လုပ်အားပေးခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ယင်းမြေသား ရေကန်သစ်အား ခြံစည်းရိုး ခတ်ခြင်းနှင့် ရေစစ်ကန် ထည့်သွင်းဆောက်လုပ်ခြင်းများကိုပါ ပံ့ပိုးပေးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် မြေသားရေကန်သစ် တူးဖော်ခြင်း လုပ်ငန်းအနေဖြင့် နာဂစ်လေဘေးသင့် (၁၃) မြို့နယ်တွင် စုစုပေါင်း (၃၈) ကန် တူးဖော်ပေးပြီးဖြစ်သည်။

သော်တာအောင်ကြည်
Reporting Officer
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ဖျာပုံရုံးခွဲ


 
 

Home| Press Release | News | Program Area | Services | Publication | Organization | History | Donation | Careers
© 2009 Myanmar Red Cross Society. All Rights Reserved. Web developed by Sai Phong Kham.