
ကျောင်းအခြေပြု ဘေးအန္တရာယ်လျော့ပါးရေး သင်တန်းများ ဖွင့်လှစ်ရန်အတွက် မြို့နယ်အတွင်း အသိပေးရှင်လင်းခြင်း အခမ်းအနားကို ဘိုကလေး မြို့နယ်သူနာပြုတပ်ရင်း ဒုတပ်ရင်းမှူး ဦးသက်နိုင်မှ ကြီးမှူး၍ မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစည်းအဝေး ခန်းမတွင် ဇူလှိုင်လ (၂၉) ရက်နေ့ နေ့လည် (၂) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။ အဆိုပါ အခမ်းအနားတွင် မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ခေတ္တ ဥက္ကဌ ဦးမျိုးညွှန့်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမ Field Delegate, Mr. Hamid Gour မှ အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သူနာပြုတပ်ရင်းမှ ဒုတပ်ရင်းမှူး ဦးသက်နိုင်မှ ကျောင်း အခြေပြု ဘေးအန္တရာယ်လျော့ပါးရေး အစီအမံများ၊ ကျောင်းများတွင်သင်တန်းများဖွင့်လှစ်မည့် အစီအစဉ်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မြို့နယ် (၁၄) ခုတွင် နာဂစ်လေဘေး ပြန်လည်ထူထောင်ရေး အစီအစဉ်များ၊ ဘိုကလေး မြို့နယ်အတွင်း လုပ်ငန်းဆောင်ရွက်မှုများကို အကျုယ်တ၀င့် ရှင်းလင်းပြောကြားခဲ့သည်။
’’ကျောင်းအခြေပြု ဘေးအန္တရာယ်လျော့ပါးရေး အစီအအစဉ်ကို အရင်တုန်းကဆို ပြည်သူ လူထုကို အခြေခံပြီးတော့ ဆောင်ရွက်ပါတယ်၊ အခု ကRန်တော်တို့ ကျောင်းကိုပါ အခြေပြုပြီး ဆောင်ရွက် တော့မှာပါ။ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်တွေကနေ တဆင့် သူတို့ ရဲ့ သူငယ်ချင်းတွေ၊ မိဘ ညီအစ်ကိုမောင်နှမ ဆွေမျိုးသားချင်းတွေဆီကို ပြန်ပြောပြဖို့ ပိုပြီးတော့ အခွင့်အရေးရှိပါတယ်’’ ဟု ဦးသက်နိုင်မှ ရှင်းပြခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ရေးကောင်စီ၊ NGO အဖွဲ့အစည်း များ၊ မြို့နယ်ကြက်ခြေနီအသင်း အမှုဆောင်များ၊ အထက်တန်း/အလယ်တန်းမှ ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများ နှင့် ကျောင်းကြက်ခြေနီ ဆရာ၊ ဆရာမများ နှင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းရုံးခွဲမှ ၀န်ထမ်းများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ နှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ Mr. Hamid Gordon နှင့် ကြက်ခြေနီ စေတနာ့ လုပ်အားရှင်များ တက်ရောက် ခဲ့သည်။
အဆိုပါ သင်တန်းများ ဖွင့်လှစ်ရန် အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရန်ကုန်ရုံးချုပ်တွင် (၇) ရက် သင်တန်းကို မြို့နယ် (၁၀) မြို့နယ်မှ လက်ထောက်ပညာရေးမှူး၊ အထက်တန်းပြ ဆရာ/မ (၂) ဦး၊ အလယ်တန်းပြ ဆရာ/မ (၂) ဦးနှင့် မြို့နယ်သူနာပြုတပ်ရင်းမှ ဒုတပ်ရင်းမှူး တို့အား သင်တန်းပို့ချ ပေးခဲ့သည်။ မြို့နယ်(၁၀) သည် ဧရာဝတီတိုင်း မှ (၅) မြို့ နှင့် ပဲခူး အရှေ့ပိုင်းမှ (၅) မြို့နယ်တို့ ပါဝင်သည်။
အခမ်းအနားတွင် ကျောင်းအခြေပြု ဘေးအန္တရာယ်လျော့ပါးရေးသင်တန်းနှင့် စီမံချက်ဝင် ကျောင်းများ အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ထားသော အထောက်အကူပြု ပစ္စည်းများကို ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာကြသော ဧည့်သည်တော်များ မှ ကြည့်ရှုအားပေးခဲ့ကြသည်။ ကျောင်းအခြေပြု ဘေးအန္တရာယ်လျော့ပါးရေး သင်တန်းများကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ပြုလုပ်မည်ဖြစ်ပြီး ဇူလှိုင်လအတွင်းတွင် မြို့နယ် (၁၀) မြို့နယ်တွင် တပြိုင်နက် ပြုလုပ်သွားမည်ဟု သိရှိရသည်။
မြတ်သူရိန်
Reporting Officer