Home
Press Release
News & Articles
Program Area
Services
Publication
Organization
History
Donation
Careers
Donate Blood
 
 

နာဂစ်လေဘေးသင့် ပြည်သူများအား အိုးအိမ်ဆောက်လုပ်ရေးပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိ
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၀) ရက်

မြန်မာနိုင်ငံကြက်ခြေနီအသင်း ၊ ကွမ်းခြံကုန်းမြို့နယ်ရုံးခွဲ (နာဂစ်လေဘေး ပြန်လည် ထူထောင်ရေး စီမံကိန်း) မှ အမိုးအကာထောက်ပံ့အဖွဲ့သည် ကော့မှူးမြို့နယ်၊ စမ်းကောက်၊ ဘုရားလေးငူနှင့် ပိန္နဲစမ်းကျေးရွာရှိ အမိုးအကာ ထောက်ပံ့ရေးဆိုင်ရာ အကျိုးခံစားခွင့်ရှိသူ (၃၇) ဦးအား (၆.၇.၂၀၁၀) ရက်နေ့တွင် လက်သမားခ ငွေကျပ် (၅၀၀၀၀) စီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ယင်းသို့ထောက်ပံ့ရာတွင် ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ရင်းမှ ဒုတပ်ရင်းမှူးနှင့် ကွမ်းခြံကုန်း မြို့နယ်ရုံးခွဲမှ အိုးအိမ်ကRမ်းကျင်ဝန်ထမ်းတစ်ဦးတို့မှ သက်ဆိုင်ရာကျေးရွာ တာဝန်ရှိသူနှင့် ရပ်မိရပ်ဖများနှင့်အတူ အကျိုးခံစားခွင့်ရှိသူများ လက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အကျိုးခံစားခွင့်ရှိသူများအား တစ်ဦးလQင် ကျပ်ငွေသုံးသိန်းခွဲတန်ဖိုးရှိ အိုးအိမ်ဆောက်လုပ်ရေး ပစ္စည်းများနှင့် လက်သမားခအတွက် ကျပ်ငွေ (၅၀၀၀၀) ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပေးသည့်အပြင် ဆောက်လုပ်ပြီးစီးသွားသည့်နေအိမ်များ၏ ရေရှည်ခိုင်ခံ့မှုအတွက် ရေနံချေး ထပ်မံထောက်ပံ့သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အဆိုပါအထောက်အပံ့များကို မုန်တိုင်းဒဏ်ကြောင့် အိုးအိမ် ပျက်စီး ဆုံးရှုံးခဲ့ပြီး အစားထိုး ပြန်လည်တည်ဆောက်နိုင်ခြင်း မရှိသေးသူများ၊ ယာယီအမိုးအကာဖြင့် နေထိုင်နေကြသော နာဂစ်မုန်တိုင်းသင့်ဒေသတွင်းရှိ မိသားစုများအတွက် အဓိကထားကူညီ ထောက်ပံ့ခြင်း ဖြစ်ကြောင်းသိရှိသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အမိုးအကာထောက်ပံ့ရေး ပထမပိုင်းအစီအစဉ်အရ ကွမ်းခြံကုန်းမြို့နယ်ရှိ ကျေးရွာအုပ်စု (၈) အုပ်စုမှ အကျိုးခံစားခွင့်ရှိသူ စုစုပေါင်း (၂၉၈) ဦးအား ထောက်ပံ့ပေးခဲ့ပြီးဖြစ်သည်။ ယခု ဒုတိယပိုင်းအစီအစဉ်တွင် ကျေးရွာအုပ်စု (၈) အုပ်စုမှ အကျိုးခံစားခွင့်ရှိသူ (၁၇၄) ဦးအား ထောက်ပံ့ပေးခြင်း ဖြစ်ပြီး အိုးအိမ်များမှာ ဆောက်လုပ်ဆဲဖြစ်သည်။

မျိုးမမကျော်
အစီရင်ခံပြန်ကြားရေးအရာရှိ
နာဂစ်လေဘေးပြန်လည်ထူထောင်ရေးရုံးခွဲ၊ ကွမ်းခြံကုန်းမြို့နယ်။


 
 
Myanmar Redcross

Home| Press Release | News | Program Area | Services | Publication | Organization | History | Donation | Careers
© 2009 Myanmar Red Cross Society. All Rights Reserved. Web developed by Sai Phong Kham.