အကြောင်းအမျိုးမျိုးကြောင့် သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေရသော နာဂစ်လေဘေး သင့်ဒေသများရှိ ကျေးရွာများအတွက် သောက်သုံးရေဖူလုံမှုရှိစေရန်နှင့် ခြောက်သွေ့ရာသီ အတွင်း သောက်သုံးရေ အခက်အခဲ မရှိစေရန် မိုးရေလှောင်ကန်များကို မြန်မာနိုင်ငံကြက်ခြေ နီအသင်းမှ ဆောက်လုပ်ပံ့ပိုးပေးလျက်ရှိရာ ကွမ်းခြံကုန်းမြို့နယ်၊ တော်ပြာကျေးရွာတွင် ဂါလံ (၅၀၀၀) ဆန့် မိုးရေလှောင်ကန် တစ်လုံးအား (၂၆.၇.၂၀၁၀) ရက်နေ့မှ (၂.၈.၂၀၁၀) ရက်နေ့ အထိ ဆောက်လုပ် ခဲ့သည်။
ကာလတန်ဖိုး ငွေကျပ် (၁၈) သိန်းခန့် ကုန်ကျသည့် အဆိုပါဆောက်လုပ်မှုကို ကွမ်းခြံကုန်း မြို့နယ်၊ နာဂစ် လေဘေးပြန်လည်ထူထောင်ရေးရုံးခွဲမှ ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးအဖွဲ့ နှင့် မြို့နယ် ကြက်ခြေနီ သူနာပြု တပ်ရင်းမှ စေတနာလုပ်အားရှင်များက ကြီးကြပ်ကာ ကျေးရွာ လူထု၏ ပူးပေါင်း ပါဝင် ဆောင်ရွက်မှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ကွမ်းခြံကုန်းမြို့နယ်ရှိ ကျေးရွာအုပ်စု (၁၀) အုပ်စုတွင် မိုးရေ လှောင်ကန် (၁၂) လုံး တည်ဆောက်ပေးရန် ရည်ရွယ်ထားပြီး ၂၀၀၉ ခုနှစ်၊ မေလမှ စတင်တည် ဆောက်ခဲ့ရာ ယခုအချိန်ထိ ကျေးရွာအုပ်စု (၆) အုပ်စုတွင် မိုးရေလှောင်ကန် စုစုပေါင်း (၇) လုံး တည်ဆောက်ပေးပြီး ဖြစ်သည်။
မျိုးမမကျော်
အစီရင်ခံပြန်ကြားရေးအရာရှိ
ကွမ်းခြံကုန်းမြို့နယ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း